close

Welldone က သင့်ကို အပြည့်အဝ အကာအကွယ် ပေးထားပါတယ်။ ရည်ညွှန်းထားတဲ့ ဝန်ဆောင်မှုတိုင်း မရရှိခဲ့ရင် သင်ဆုံးရှုံးမှု မရှိစေရပါဘူး

လူကြီးမင်းရဲ့ စီးပွားရေး လုပ်ငန်းကို အရောင်းမြှင့်တင်နိုင်ဖို့ ဈေးကွက်ကို ဆွဲဆောင်မှုရှိရှိ ထိုးဖောက်နိုင်မယ့် ကြော်ငြာစာရေးကောင်းတဲ့သူတစ်ယောက်ကိုရှာနေပါသလား။ ကျွန်တော့်ကို လူကြီးမင်းရဲ့ လုပ်ငန်း အောင်မြင်မှုအတွက် ယုံကြည်စိတ်ချစွာနဲ့ အလုပ်အပ်နှံနိုင်ပါတယ်။ ဘာလို့ ကျွန်တော့်ကို ရွေးချယ်သင့်တာလဲ။ - တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာစာ ရမှတ် ၈၁ မှတ် ရရှိထားတဲ့ ဂုဏ်ထူးရှင်တစ်ယောက်ဖြစ်ပြီး‌ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေရဲ့ အရောင်းမြှင့်တင်ရေး ကြော်ငြာစာ ရေးသားတဲ့ လုပ်ငန်းအတွေ့အကြုံ ၂နှစ်အထက် ရှိတဲ့အတွက် လူကြီးမင်းတို့အနေနဲ့ စာလုံးပေါင်းသတ်ပုံအမှားအယွင်း၊ အချိန်မတိကျမှု စတဲ့ သေးသေးမွှားမွှားလေးတွေအတွက် စိတ်ပူစရာ လုံးဝ (လုံးဝ) မလိုအပ်တော့ပါဘူးခင်ဗျ။ - စာရေး၊ စာဖတ် ဝါသနာပါတဲ့ အပြင် ကိုယ်တိုင် ရှာဖွေမှတ်သားပြီး ဆောင်းပါးရေးသားရတာကို ခုန်မင်သူတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်ကို အလုပ်အပ်ခြင်းက စာပေဟင်းလေးအိုးတစ်ယောက်ကို ရရှိလိုက်တဲ့ ခံစားချက် အပြည့်အဝရရှိမှာ အာမခံနိုင်ပါတယ်။ - ဒီ Package မှာ ဘာတွေ ပါလဲ။ Basic Package မှာ စုစုပေါင်း ကြော်ငြာစာ ၂ခု ပါဝင်တဲ့အပြင် လူကြီးမင်းတို့ရဲ့ စိတ်တိုင်းကျ ပြန်လည် ပြင်ဆင်ပေးနိုင်ဖို့ တစ်ပုဒ်ချင်းကို တစ်ကြိမ်တိတိပြန်လည် ပြင်ဆင်ခွင့်ပေးထားဦးမှာဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအောင်မြင်မှုအတွက် ရေကုန်ရေခမ်း ကြိုးစားပေးရင်း ကျွန်တော် လူကြီးမင်းတို့ဆီက အတွေ့အကြုံကောင်းတွေ အများကြီး ရရှိမယ်လို့ အပြည့်အဝယုံကြည်နေပါတယ်။ မှတ်ချက် ။ ။ MLM စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှု လုံးဝ(လုံးဝ) ပေးမည် မဟုတ်ပါ။

You have to provide

လူကြီးမင်းတို့အနေနဲ့ ကျွန်တော့်ကို အလုပ်အပ်မယ်ဆိုရင် ၁) လူကြီးမင်းရဲ့ လုပ်ငန်း အမည် ၂) ရေးသားစေလိုသော ကုန်ပစ္စည်း(Product) (သို့မဟုတ်) ဝန်ဆောင်မှု(Service) အမျိုးအစားနှင့် အမည်နာမ ၃) လူကြီးမင်း၏ ဈေးကွက်ဖော်ဆောင်ခြင်း အစီအစဉ် (Marketing Plan) ၄) ကုန်ပစ္စည်းဖြစ်ပါက နမူနာ (လက်တွေ့ ကိုင်တွယ် စမ်းသပ်နိုင်ရန် အတွက်သာ) ၅) လူကြီးမင်း၏ ဝန်ဆောင်မှုသည် အင်တာနက်မှ တစ်ဆင့် ဝန်ဆောင်မှု ပေးအပ်ရသော ကိစ္စမျိုးဖြစ်ပါ ယခင် လုပ်ဆောင်ခဲ့ဖူးသော ကြော်ငြာများ ၆) လူကြီးမင်း၏ ဝန်ဆောင်မှုသည် လူကိုယ်တိုင် လက်ငင်းဝန်ဆောင်မှု ပေးအပ်ရသော ကိစ္စမျိုးဖြစ်ပါက လူကြီးမင်း၏ လုပ်ငန်းခွင်ကို လေ့လာကြည့်ရှုခွင့် တို့ကိုပေးဖို့ လိုအပ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ ကြော်ငြာစာအတွက် ရေးပေးစေလိုတဲ့ ရှုထောင့်၊ ရောင်းချလိုတဲ့ အသက်အရွယ်၊ ပစ်မှတ်ထားလိုတဲ့ ဖောက်သည်တွေကို မိမိစိတ်တိုင်းကျ အံဝင်ခွင်ကျဖြစ်အောင် ကျွန်တော့်ကို ကြိုတင် အသိပေးထားတာက အကောင်းဆုံး အတွေ့အကြုံကို ပေးမှာ အသေအချာပါပဲ။

Reviews    Not Rated (0)


Special Content Writing (Basic Package)

Welldone-Freelancer

Experienced Digital Marketer with a demonstrated history of working experiences from Startup, B2B & Digital Marketing agencies. Skilled in Digital Strategy, Content Marketing, Conversational Marketing, Website, SEO, Digital Sales and Teamwork

1 like

0 Jobs Done

1 Revisions

1 Days

https://welldone.short.gy/t9OESy

https://welldone.short.gy/t9OESy