Latest Updated: 03 Jun 2026
Welldone Guarantee ဆိုတာဘာလဲ?
Welldone Guarantee သည် Welldone platform ပေါ်တွင် order တင်ခြင်း၊ project လက်ခံခြင်း၊ credit ဖြင့် ငွေပေးချေခြင်း၊ delivery ပေးခြင်းနှင့် dispute review ပြုလုပ်ခြင်းတို့ကို ပိုမိုယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးသည့် platform support policy ဖြစ်ပါသည်။
Secure Platform Payment
Order မစတင်မီ buyer ၏ payment ကို Welldone Credit စနစ်တွင် မှတ်တမ်းတင်ထားပြီး project status အလိုက် စီမံပေးပါသည်။
Order Protection
Project မပြီးဆုံးမီ cancellation သို့မဟုတ် dispute ဖြစ်ပါက platform မှတ်တမ်းများကို အခြေခံ၍ review ပြုလုပ်ပေးပါသည်။
Support Review
Buyer နှင့် Freelancer နှစ်ဖက်စလုံးမှ conversation, requirement, delivery file နှင့် proof များကို တင်ပြနိုင်ပြီး support team မှ စစ်ဆေးပေးပါသည်။
မှတ်ချက်။ ဤ Guarantee သည် Welldone platform အတွင်းမှ မှန်ကန်စွာပြုလုပ်ထားသော order နှင့် payment များအတွက်သာ သက်ဆိုင်ပါသည်။ Platform ပြင်ပမှ တိုက်ရိုက်ငွေပေးချေမှု၊ တိုက်ရိုက်ဆက်သွယ်ပြီးလုပ်ဆောင်သော project များနှင့် Welldone တွင် မှတ်တမ်းမရှိသော သဘောတူညီချက်များအတွက် Welldone မှ တာဝန်ယူဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။
Buyer များအတွက် Guarantee
Buyer များသည် Welldone ပေါ်မှ freelancer service များကို order တင်သောအခါ project requirement, delivery timeline နှင့် communication history များကို platform ပေါ်တွင် ထိန်းသိမ်းထားသင့်ပါသည်.
- Freelancer မှ order ကို decline ပြုလုပ်ပါက သက်ဆိုင်ရာ amount ကို Welldone Credit အဖြစ် refund ပြုလုပ်ပေးနိုင်ပါသည်။
- Project ကို valid reason ဖြင့် cancel ပြုလုပ်ရန်လိုအပ်ပါက support team မှ order record, messages နှင့် delivery status များကို စစ်ဆေးပါမည်။
- Delivered work သည် order requirement နှင့် မကိုက်ညီပါက buyer သည် revision သို့မဟုတ် dispute review ကို platform မှတစ်ဆင့် တောင်းဆိုနိုင်ပါသည်။
- Refund သို့မဟုတ် cancellation decision များသည် Welldone မှတ်တမ်းများ၊ တင်ပြထားသော proof များနှင့် Terms and Conditions အပေါ် အခြေခံပါသည်။
Freelancer များအတွက် Guarantee
Freelancer များအနေဖြင့် buyer နှင့် သဘောတူထားသော requirement အတိုင်း အချိန်မီ delivery ပေးပြီး platform ပေါ်တွင် project evidence များ သိမ်းဆည်းထားပါက Welldone support team မှ fair review ပြုလုပ်ပေးပါသည်.
- Buyer မှ project လက်ခံပြီး completion ဖြစ်ပါက freelancer earning ကို platform policy အတိုင်း credit balance တွင် ထည့်သွင်းပေးပါသည်။
- Buyer မှ မမှန်ကန်သော dispute တင်ပါက freelancer သည် delivery proof, messages နှင့် file records များဖြင့် တုံ့ပြန်တင်ပြနိုင်ပါသည်။
- Project scope ပြောင်းလဲလိုပါက buyer နှင့် freelancer နှစ်ဖက်စလုံးသည် platform message မှတစ်ဆင့် သဘောတူညီချက်ကို မှတ်တမ်းတင်ထားသင့်ပါသည်။
- Welldone မှ freelancer များ၏ completed work, delivery status နှင့် communication history များကို review အတွက် အသုံးပြုပါမည်။
Dispute နှင့် Cancellation Review
Project အတွင်း ပြဿနာတစ်ခုဖြစ်ပေါ်ပါက buyer နှင့် freelancer တို့သည် အရင်ဆုံး platform message မှတစ်ဆင့် ပြေလည်အောင် ဆွေးနွေးသင့်ပါသည်. မပြေလည်ပါက Welldone support team သို့ review တောင်းဆိုနိုင်ပါသည်.
- Review တောင်းဆိုရာတွင် order ID, requirement, conversation screenshot, delivery file, revision request နှင့် payment record များကို တင်ပြပါ။
- Support team သည် platform ပေါ်ရှိ အချက်အလက်များနှင့် နှစ်ဖက်တင်ပြချက်များကို အခြေခံ၍ decision ပြုလုပ်ပါမည်။
- Decision အရ refund, partial refund, revision, cancellation သို့မဟုတ် project completion ဆက်လက်လုပ်ဆောင်ရန် လမ်းညွှန်နိုင်ပါသည်။
- Welldone ၏ decision သည် platform policy, Terms and Conditions နှင့် available evidence အပေါ် မူတည်ပါသည်။
Guarantee မပါဝင်သော အခြေအနေများ
အောက်ပါ အခြေအနေများတွင် Welldone Guarantee အပြည့်အဝ မသက်ဆိုင်နိုင်ပါ.
- Welldone platform ပြင်ပတွင် တိုက်ရိုက်ငွေပေးချေခြင်း သို့မဟုတ် direct deal ပြုလုပ်ခြင်း။
- Order requirement ကို platform ပေါ်တွင် မှတ်တမ်းမတင်ဘဲ ပြင်ပ channel မှသာ သဘောတူထားခြင်း။
- Buyer သို့မဟုတ် freelancer မှ false information, fake proof, abusive language သို့မဟုတ် policy violation ပြုလုပ်ခြင်း။
- Completed project ကို buyer မှ လက်ခံပြီးနောက် platform record မရှိဘဲ အသစ်ထပ်တိုးလိုသော scope change များ။
- Third-party resource license, stock asset, font, plugin, hosting, domain သို့မဟုတ် external tool များကြောင့် ဖြစ်ပေါ်သော ပြဿနာများ။
Guarantee Support တောင်းဆိုနည်း
Guarantee support လိုအပ်ပါက သက်ဆိုင်ရာ order page မှ message ပို့ခြင်း သို့မဟုတ် Welldone support channel မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်.
- Order ID နှင့် account information ကို တိကျစွာဖော်ပြပါ။
- ပြဿနာဖြစ်သည့် date, requirement, agreed timeline နှင့် delivery status များကို စုစည်းပါ။
- Conversation, screenshots, uploaded files နှင့် payment/credit records များကို proof အဖြစ် ထည့်သွင်းပါ။
- Support team မှ မေးမြန်းလာသော အချက်အလက်များကို အချိန်မီ ပြန်လည်ပေးပို့ပါ။
Welldone Guarantee ၏ ရည်ရွယ်ချက်မှာ buyer နှင့် freelancer နှစ်ဖက်စလုံးအတွက် ယုံကြည်စိတ်ချရသော online work environment တစ်ခု ဖြစ်စေရန် ဖြစ်ပါသည်။ Platform ပေါ်တွင် မှတ်တမ်းတင်၍ အလုပ်လုပ်ခြင်းက dispute ဖြစ်ပေါ်ချိန်တွင် ပိုမိုမြန်ဆန်၊ တရားမျှတစွာ ဖြေရှင်းနိုင်ရန် ကူညီပေးပါသည်။