Terms and Conditions

ကျေးဇူးပြု၍ သေချာစွာဖတ်ရှုပါ။ Welldone ကို အသုံးပြုခြင်းဖြင့် ဤစည်းကမ်းချက်များကို သဘောတူညီပါသည်။

MM EN
Latest Updated: 15 Dec 2021

မင်္ဂလာပါ

အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် Welldone website တွင် အသုံးပြုသော အခါ လိုက်နာရမည့် စည်းကမ်းချက်များ ဖြစ်သည်။ Welldone ကို အသုံးမပြုခင်တွင် သေချာစွာ ဖတ်ရန် လိုအပ်ပါသည်။ Welldone တွင် မှတ်ပုံတင်သော အခါ Term and Condition ကို Accept ပြုလုပ်ရမည် ဖြစ်သည်။ Accept ပြုလုပ်ပြီးပါက အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လိုက်နာမည်ဟု ကတိပြုပြီး ဖြစ်ပါသည်။

အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လက်ခံနိုင်မှု မရှိပါက Welldone ကို အသုံးမပြုရန် အကြံပြုချင်ပါသည်။ Welldone ကို အသုံးပြုပါက အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လက်ခံသည်ဟု သတ်မှတ်ပါမည်။

Welldone သည် အသက် ၁၆ နှစ်အထက် မြန်မာနိုင်ငံသား မှတ်ပုံတင် / ဧည့် မှတ်ပုံတင် သို့မဟုတ် မြန်မာနိုင်ငံသား Passport ကိုင်ဆောင်ထားသူများသာ အသုံးပြုနိုင်ရန် ခွင့်ပြုထားသည်။ ထို့ကြောင့် အထက်ပါ အချက်အလက်နှင့် မပြည့်စုံပါက သင်သည် Welldone တွင် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ အထက်ပါ အချက်အလက် မပြည့်စုံပဲ အသုံးပြုခဲ့သည် ရှိသော် Welldone မှ သင့် Account အားပိတ်သိမ်း ပစ်မည် ဖြစ်သည်။

အဓိပ္ပါယ် ဖွင့်ဆိုချက်များ

Service

Freelancer များမှ အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများကို Welldone တွင် Service ဟုခေါ်သည်။

Project

Buyer မှာ ဝန်ဆောင်ခ ပေးချေပြီး အလုပ်အပ်နှံသော Service များအား Project ဟုခေါ်သည်။

Buyer

Welldone ပေါ်မှ Service များအား ဝန်ဆောင်ခပေး၍ အလုပ်အပ်နှံသူတိုင်းသည် Buyer ဖြစ်သည်။

Freelancer

Welldone တွင် Freelancer အဖြစ်လုပ်ကိုင်ရန် လျှောက်ထားပြီး လုပ်ကိုင်ခွင့် ရရှိသူတိုင်းအား Freelancer အဖြစ်သတ်မှတ်သည်။

Welldone Credit

Welldone website ပေါ်တွင် အလုပ်အပ်နှံ နိုင်ရန်အတွက် ပေးချေ အသုံးပြုနိုင်သော အခကြေးငွေ ပမာဏ ဖြစ်သည်။

Redeem

Welldone Credit ဖြည့်သွင်းရန်အတွက် အသုံးပြု Coupon သို့မဟုတ် Payment Service Provider(s) အသုံးပြုခြင်း ဖြစ်သည်။

Coupon

Welldone Credit ဖြည့်သွင်းရန်အတွက် Welldone မှ သတ်မှတ်ထားသော နံပါတ်များ ဖြစ်သည်။

Revenue

Project များပြီးမြောက်သောအခါ ရရှိသော ဝန်ဆောင်ခကို Revenue အဖြစ်သတ်မှတ်သည်။

Earning

Revenue များမှ Welldone ၏ ဝန်ဆောင်ခ ပေးချေပြီး ပြန်လည် ထုတ်ယူ အသုံး ပြုနိုင်သော ငွေပမာဏ ဖြစ်သည်။

Welldone

Welldone သည် မြန်မာနိုင်ငံမှာ ရှိတဲ့ Freelancer များနှင့် လုပ်ငန်းရှင်တွေကြားမှာ ဆက်သွယ်ပေးပြီး အလုပ်တွေကို ပြီးမြောက်စေမယ့် Website ဖြစ်ပါတယ်။ Welldone ပေါ်ရှိ Service များသည် Welldone မှ ပိုင်ဆိုင်ခြင်းမရှိပါ။

Welldone သည် 24/7 တည်ရှိနေမည် ဖြစ်သည်။ သို့သော် အဆင့်မြှင့်တင်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရန် လိုအပ်ပါက ကြိုတင် အကြောင်းကြား၍သော်လည်းကောင်း၊ အရေးပေါ် ပြင်ဆင်မှုများအတွက် ကြိုတင် အကြောင်းကြားခြင်း မရှိ၍သော်လည်းကောင်း ပြင်ဆင်ခြင်းများ ပြုလုပ်မည် ဖြစ်သည်။ ပြင်ဆင်နေချိန်တွင် Welldone အားအသုံးပြု၍ ရမည်မဟုတ်ပါ။

Welldone credit ဖြည့်သွင်းရန်အတွက် redeem ပြုလုပ်ခြင်း သို့မဟုတ် Coupon code များဝယ်ယူရာတွင် သက်ဆိုင်ရာ Payment Service Provider(s) များတွင်လည်း Term and Condition များရှိသည်။ သက်ဆိုင်ရာ Term and Condition များလည်း ဖတ်ရှုရန် အကြံပြုချင်ပါသည်။

အခြေခံ အကြောင်းအရာများ

  • Welldone တွင် မှတ်ပုံတင်ထားသူများသာ Freelancer အဖြစ်လုပ်ကိုင်ခြင်း၊ Freelancer များအား အလုပ်အပ်နှံခြင်း ပြုလုပ်နိုင်မည် ဖြစ်သည်။ Welldone တွင် မှတ်ပုံတင်နိုင်ရန်မှာ အခမဲ့ ဖြစ်သည်။
  • Welldone တွင် အချင်းချင်း လေးစားစွာ ဆက်ဆံရမည်။
  • Freelancer များသည် Services များ၏ ဈေးနှုန်းများအား အချိန်မရွေး ပြောင်းလဲခွင့် ရှိသည်။ သို့သော် အပ်နှံပြီးသား Project များ၏ ဈေးနှုန်းများ ပြောင်းလဲမှု မရှိပါ။
  • Service များသည် မြန်မာငွေ ကျပ် ၃,၀၀0 မှ စတင်သတ်မှတ်နိုင်သည်။ အမြင့်ဆုံး Service ကြေးသတ်မှတ်ထားခြင်း မရှိပါ။
  • အလုပ်အပ်နှံသူသည် အပ်နှံသော Project ၏ ဝန်ဆောင်ခအား အလုပ်အပ်နှံသည်နှင့် Welldone သို့ပေးချေရမည် ဖြစ်သည်။
  • အလုပ်အပ်နှံသူသည် အပ်နှံသော Project အား သာမန် အငြင်းပွားဖွယ်ရာ ကိစ္စများဖြင့် Cancel ပြုလုပ်ခွင့်ပေးမည် မဟုတ်ပါ။
  • Freelancer များမှ အလုပ်အပ်နှံသူများအား ပြင်ပမှ ငွေလွှဲခိုင်းခြင်း၊ လက်ခံခြင်း လုံးဝ မပြုလုပ်ရပါ။ လက်ခံခြင်း၊ ပေးချေခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာများအား Welldone မှ လုံးဝ တာဝန်ယူမည် မဟုတ်ပါ။
  • Welldone ပေါ်မှာ ပြီးမြောက်သွားသော Project များအား လိုအပ်ပါက Welldone Marketing ပြုလုပ်ရန်အတွက် အသုံးပြုခွင့် ပြုရမည် ဖြစ်သည်။
  • Account ပိတ်သိမ်းခံရပါက Welldone credit များအား စီစစ်၍ ပြန်လည် ထုတ်ပေးခြင်း ပြုလုပ်မည် သို့မဟုတ် အကြောင်းပြချက်ဖြင့် ပြန်လည် ထုတ်ပေးရန် ငြင်းဆန် နိုင်သည်။
  • Welldone account အားပြန်လည် ရောင်းချခွင့် မပြုပါ။

Welldone's Freelancer

  • Welldone တွင် Freelancer အဖြစ်လုပ်ကိုင်ရန် လျှောက်ထားပြီး လုပ်ကိုင်ခွင့် ရရှိသူတိုင်းအား Freelancer အဖြစ်သတ်မှတ်သည်။
  • Freelancer များအနေဖြင့် မိမိတို့ တည်ဆောင်ထားသော Service များအား အလုပ်အပ်နှံသူများမှ အပ်နှံပါက Project များ ပြီးမြောက်အောင် ဝန်ဆောင်မှု ပေးရမည်။
  • အကြောင်း တစ်စုံတစ်ရာကြောင့် Project Cancel ဖြစ်ခဲ့ပါက Project များတွက် ဝန်ဆောင်ခသည် အလုပ်အပ်နှံသူထံသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။
  • Redeem ပြုလုပ်ထားသော Welldone credit များအား Withdraw ပြုလုပ်ခွင့်ပေးမည် မဟုတ်ပါ။ အခြားသော Service များအပ်နှံခြင်းနှင့် Welldone မှာ Service များအား ဝယ်ယူရန် အတွက် အသုံးပြုနိုင်သည်။
  • Project များ ပြီးမြောက်ပြီးနောက် ရရှိထားသော Credit များအား ၃၀,၀၀၀ ကျပ်မှ စတင်၍ Withdraw ပြုလုပ်နိုင်မည် ဖြစ်သည်။ Office day ၁၅ ရက်အတွင်း Withdraw ပြုလုပ်ထားသော ပမာဏအား လက်ခံရရှိမည် ဖြစ်သည်။
  • Freelancer account အား မသင်္ကာစရာ အချက်များ၊ အငြင်းပွားဖွယ်ရာ အချက်များတွေ့ရှိပါက ယာယီ သို့မဟုတ် အပြီး ပိတ်သိမ်းခွင့် ရှိသည်။
  • Project အတွင်း External resources များအသုံးပြုထားပါက Freelancer မှ အလုပ်အပ်နှံသူအား သတိပေးရန် လိုအပ်သည်။ ဥပမာ - Stock photo, font and more.
  • Freelancer များသည် Welldone မှ ခန့်အပ်ထားသော ဝန်ထမ်းများ မဟုတ်ပါ။
  • Freelancer များသည် Services များ၏ ဈေးနှုန်းများအား အချိန်မရွေး ပြောင်းလဲခွင့် ရှိသည်။
  • Freelancer မှ အလုပ်အပ်နှံသူအား ရိုင်းပြစွာ ဆဲရေးတိုင်းထွာ ပြောဆိုခွင့် မရှိ၊ တွေ့ရှိပါက Freelancer account အား ယာယီ သို့မဟုတ် အပြီး ပိတ်သိမ်းခွင့် ရှိသည်။
  • Freelancer အနေဖြင့် Service များအား ၃,၀၀0 ကျပ်မှ စတင်၍ တည်ဆောက်နိုင်မည် ဖြစ်သည်။
  • Freelancer အဖြစ်လျှောက်ထားပြီးလျှင် client များမှ ဆက်သွယ်နိုင်ရန်အတွက် freelancer ၏ email နှင့် phone number များကို client များအား Freelancer Poll မှ တစ်ဆင့် အသိပေးခွင့်ရှိသည်။
  • Client များမှ သိရှိလို၍ Freelancer ၏ email နှင့် phone number များအား တစ်ကြိမ်ရယူလျှင် Freelancer မှ ခံစားခွင့် အဖြစ် 300 Ks လက်ခံရရှိမည်။
  • Freelancer Poll မှ ရယူထားသော Freelancer ၏ email နှင့် phone number များမှ ဆက်သွယ်၍ လုပ်ကိုင်သော project များသည် ပြင်ပတွင် သီးခြား လုပ်ကိုင်သော project များ ဖြစ်၍ Welldone Platform နှင့် သက်ဆိုင်ခြင်းမရှိပါ။

အောက်ဖော်ပြပါ Service များအား Welldone မှ ဖျက်သိမ်းခွင့်ရှိသည်။

  • Freelancer တစ်ဦးထဲမှ တည်ဆောက်ထားသော အမည်ကွဲ၍ ဆင်တူသော Services များ
  • နိုင်ငံတော်မှ သတ်မှတ်ထားသည့် တရားမဝင်သော services များ
  • ညစ်ညမ်းသော / လူကြီးသီးသန့် ဝန်ဆောင်မှုများ
  • မူပိုင်ခွင့်နှင့် ငြိစွန်းနေသော ဝန်ဆောင်မှုများ
  • တိုက်ရိုက်ဆက်သွယ်ရန် အချက်အလက်များ ထဲ့သွင်းထားသော ဝန်ဆောင်မှုများ
  • အဓိပ္ပါယ် မရှိသော / မဖြစ်နိုင်သော ဝန်ဆောင်မှုများ
  • တစ်စုံတစ်ယောက်အား ပြန်လည် အပ်နှံရမည် ဝန်ဆောင်မှုများ
  • အလုပ်အပ်နှံသူ များစွာမှ စိတ်ကျေနပ်မှု မရှိသော ဝန်ဆောင်မှုများ

Freelancer သည် Welldone အသုံးပြုခ အဖြစ် ဝင်ငွေ၏ % များအား Level အလိုက် ပေးချေရမည်။

Welldone Classic Freelancer

Welldone တွင် မှတ်ပုံတင်၍ Service များပေးသော Freelancer ဖြစ်သည်။ Welldone မှ လုပ်ကိုင်၍ ရရှိသော ဝင်ငွေများမှ ၃၀% အား Welldone သို့ ဝန်ဆောင်ခ အဖြစ်ပေးချေရမည် ဖြစ်သည်။

Welldone Exclusive Freelancer

မြန်မာပြည်တွင်းရှိ အခြား Freelance website များတွင် မှတ်ပုံတင်ထားခြင်း မရှိသော Freelancer များကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ Welldone မှ လုပ်ကိုင်၍ ရရှိသော ဝင်ငွေများမှ ၂၀% အား Welldone သို့ ဝန်ဆောင်ခ အဖြစ်ပေးချေရမည် ဖြစ်သည်။ Services အရေအတွက်မှာ အကန့် အသတ်မရှိ တည်ဆောက်ခွင့်ရှိသည်။ Project အရေအတွက် အကန့်အသတ် မရှိ လုပ်ကိုင်နိုင်သည်။

Welldone Premium Freelancer

Welldone မှ သတ်မှတ်ထားသော Online exam အောင်မြင်ထားပြီး လစဉ်ကြေး ပေးသွင်းထားသော Freelancer များကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ Welldone မှ လုပ်ကိုင်၍ ရရှိသော ဝင်ငွေများမှ ၁၀% အား Welldone သို့ ဝန်ဆောင်ခ အဖြစ် ပေးချေရမည် ဖြစ်သည်။ Services အရေအတွက်မှာ အကန့်အသတ်မရှိ တည်ဆောက်ခွင့်ရှိသည်။ Project အရေအတွက် အကန့်အသတ် မရှိ လုပ်ကိုင်နိုင်သည်။

Payment Withdraw

  • Project များ ပြီးမြောက်ပြီးနောက် ရရှိထားသော Credit များအား ၃၀,၀၀၀ ကျပ်မှ စတင်၍ Withdraw ပြုလုပ်နိုင်မည် ဖြစ်သည်။ Office day ၁၅ ရက်အတွင်း Withdraw ပြုလုပ်ထားသော ပမာဏအား လက်ခံရရှိမည် ဖြစ်သည်။
  • Freelancer ဖြည့်သွင်းထားသော Bank account သို့သာ Withdraw လုပ်ခွင့် ပြုမည် ဖြစ်သည်။
  • ကိုယ်တိုင်လာရောက် ထုတ်ယူမည်ဟု ရွေးချယ်ထားသော Withdraw ပမာဏများအား ရက်ပေါင်း ၁၈၀ အတွင်း လာရောက် ထုတ်ယူခြင်း မရှိပါက Welldone မှ သင့်တော်ရာ ပရဟိတ လုပ်ငန်းများသို့ လှုဒါန်းခွင့်ရှိသည်။
  • Freelancer များမှ Welldone support team သို့ အခမဲ့ ဆက်သွယ် အကူအညီ တောင်းနိုင်သည်။

Welldone's Buyer

  • Welldone ပေါ်မှ Service များအား ဝန်ဆောင်ခပေး၍ အလုပ်အပ်နှံသူတိုင်းသည် Buyer ဖြစ်သည်။ Welldone တွင် Register ပြုလုပ်ထားသူတိုင်းသည် Buyer ဖြစ်သည်။
  • Buyer အနေဖြင့် Welldone ပေါ်ရှိ Service များနှင့် Freelancer များ ပြင်ပမှ Ngwe ပေးချေခြင်း မပြုလုပ်ရ၊ ပြင်ပမှ ငွေပေးချေခြင်း ပြုလုပ်၍ ဖြစ်ပေါ်လာသော ကိစ္စအဝဝကို Welldone မှ တာဝန်ယူ ဖြေရှင်းမည် မဟုတ်ပါ။
  • Welldone ပေါ်မှ ပြီးမြောက်သွားသော Project များအား လိုအပ်ပါက Welldone Marketing ပြုလုပ်ရန်အတွက် အသုံးပြုခွင့် ပြုရမည် ဖြစ်သည်။
  • Welldone ပေါ်မှ ပြီးမြောက်သွားသော Project များ၏ ဖန်တီးမှုများအား Welldone မှ ပိုင်ဆိုင်ခြင်းမရှိပါ။
  • Welldone ပေါ်ရှိ Service များအား အသုံးပြုရန် Redeem / ဖြည့်သွင်းထားသော Credit များအား ပြန်လည် ထုတ်ယူခွင့်မရှိပါ။
  • Welldone မှာ Marketing / Promotion အဖြစ် ဖြည့်သွင်းပေးထားသော Coupon မှ Credit များအား ထုတ်ယူခွင့် မရှိပါ။
  • အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခုကြောင့် Project အား Cancel ပြုလုပ်ပြီး Welldone Support team မှ Manual review ဆုံးဖြတ်ချက်အရ Cancel request အား ငြင်းဆိုခဲ့ပါက Project အား ပြီးမြောက်သည် အထိ လက်ခံပေးရမည်။
  • Project အတွင်း External resources များအသုံးပြုထားပါက Freelancer အား အသုံးပြုခွင့်ရှိ၊ မရှိ မေးရန်လိုအပ်သည်။ ဥပမာ - stock photo, font and more.
  • Buyer ကိုယ်တိုင် ရွေးချယ် အပ်နှံထားသော Service များ၏ ဈေးနှုန်း အရည်အသွေးသည် Buyer ၏ ရွေးခြယ်မှု ပေါ်တွင်သာ မူတည်ပါသည်။
  • Service အလိုက် Freelancer မှ လိုအပ်သည်ဟု တောင်းဆိုထားသော အချက်အလက်များအား သေချာစွာ စီစစ်၍ ဖြေကြားပေးရန် လိုအပ်သည်။
  • Freelancer များသည် Welldone မှ ခန့်အပ်ထားသော ဝန်ထမ်းများ မဟုတ်ပါ။
  • Buyer များ မှ Freelancer များအား ရိုင်းပြစွာ ဆဲရေးတိုင်းထွာ ပြောဆိုခွင့် မရှိ၊ တွေ့ရှိပါက Buyer account အား ယာယီ သို့မဟုတ် အပြီး ပိတ်သိမ်းခွင့် ရှိသည်။
  • Freelancer Poll မှ ရယူထားသော Freelancer ၏ email နှင့် phone number များမှ ဆက်သွယ်၍ လုပ်ကိိုင်သော project များသည် ပြင်ပတွင် သီးခြား လုပ်ကိုင်သော project များ ဖြစ်၍ Welldone Platform နှင့် သက်ဆိုင်ခြင်းမရှိပါ။