
သင်ဟာ သင့်အဖွဲ့နဲ့ Project ကြီးတွေလုပ်နေတာလား။ စိတ်မပူပါနဲ့ Welldone ပေါ်မှာ Team account ပြုလုပ်ပြီး Project ကြီးတွေရဖို့ အဖွဲ့လိုက် Team service တွေပြုလုပ်လို့ ရနေပါပြီ။ Welldone ကိုပုံမှန် သုံးပြုတဲ့ အတိုင်းပဲ Team account နဲ့လဲ အသုံးပြုနိုင်မှာပါ။
တစ်ခါတရံမှာ Project ကြီးတွေဟာ Freelancer တစ်ဦးတစ်ယောက်မက ပိုမိုလိုအပ်ပါတယ်။ ဥပမာ လုပ်ငန်းတစ်ခု စတည်ထောင်မယ့် လုပ်ငန်းရှင်ဟာ Logo, Business Card, Letterhead, Copywriting, Website Design နဲ့ Website Development တွေကို တစ်နေရာထဲမှာ အပ်နှံရတာကို ပိုမို သဘောကျပါတယ်။
Digital Marketing တွက် အပ်နှံလိုတဲ့ လုပ်ငန်းရှင်ဟာ Content Idea, Copywriting, Social Media Design နဲ့ Social Media Video တွေကို service တစ်ခု အလိုက်အပ်နှံရတာထက်စာရင် Team တစ်ခုကို အပ်နှံရတာ ပိုမို နှစ်သက်ကြပါတယ်။
Team service တွေဟာ Welldone ရဲ့ ပုံမှန် service တွေအတိုင်း အလုပ်အပ်နှံနိုင်ပါတယ်။ Project Management ပြုလုပ်နိုင်ပါတယ်။ ငွေပေးခြေမှု ပြုလုပ်နိုင်ပါတယ်။
Team Account ပြုလုပ်ရန်အတွက် အောက်ပါ အချက်အလက်များ လိုအပ်ပါသည်။
Team Name, Website and Social Media Links
သင့်အဖွဲ့ အကြောင်း အကျဉ်းချုပ်
သင့်အဖွဲ့ အတွင်းပါဝင်သူများစာရင်း
လုပ်ငန်း လိုင်စင် (သို့မဟုတ်) အဖွဲ့သားများရဲ့ ဓါတ်ပုံနှင့် မှတ်ပုံတင်
Team Account အဖြစ်ပြောင်းလဲလိုသည့် Welldone account
Team Leader သို့မဟုတ် ဆက်သွယ်ရမည့်သူ၏ အမည်၊ email နှင့် phone number
What clients say about this service
No reviews yet
Be the first to review this service