၁။ သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပိုအရေးကြီးတဲ့နေရာမှာ အသုံးချပါ
ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်သူ တစ်ယောက်အတွက် တစ်နေ့ (၂၄) နာရီဆိုတာ ဘယ်လိုမှ မလုံလောက်ပါဘူး။ လုပ်ငန်းစတာနဲ့ လုပ်စရာတွေက အရမ်းများလွန်းလို့ပါ။ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် အရာအားလုံးနီးပါးကို ကိုယ်တိုင်ဝင်လုပ်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တခြားသူကို လွှဲပေးလို့ရတဲ့ လုပ်ငန်းစဉ်တချို့ကို Freelancer တွေဆီ လွှဲအပ်ပြီး၊ သင်ကတော့ လုပ်ငန်းရဲ့ အရေးအကြီးဆုံး အပိုင်းတွေကိုသာ အဓိကထား အာရုံစိုက်သင့်ပါတယ်။
၂။ ကျွမ်းကျင်ပညာရှင် (Expert) တွေ ပိုမိုလိုအပ်ခြင်း
လုပ်ငန်းရှင်တိုင်းက ကိုယ့်လုပ်ငန်းမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ သူတွေကိုပဲ ခန့်ထားချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ လုပ်ငန်းစခါစ ဝင်ငွေနဲ့ထွက်ငွေကို သေချာချိန်ဆနေရတဲ့ အချိန်မျိုးမှာ ဒီလိုပညာရှင်တွေကို အချိန်ပြည့်ဝန်ထမ်းအဖြစ် ခန့်အပ်ဖို့ဆိုတာ ငွေကြေးအရ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကျွမ်းကျင်တဲ့ Freelancer တွေကို Project အလိုက် ငှားရမ်းအသုံးပြုမယ်ဆိုရင်တော့ လုပ်ငန်းရဲ့ ဝင်ငွေ၊ ထွက်ငွေကို မျှတအောင် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
၃။ လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်စေခြင်း
လုပ်ငန်းတစ်ခု စတင်ပြီဆိုတာနဲ့ ပုံမှန်လည်ပတ်နိုင်တဲ့ အဆင့်ကို အမြန်ဆုံးရောက်အောင် ကြိုးစားဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ လုပ်ငန်းလည်ပတ်မှု ကောင်းမွန်မှသာ ပိုမိုအောင်မြင်နိုင်မှာပါ။ လက်တွေ့မှာ အချိန်ပြည့်ဝန်ထမ်း (In-house) တွေထက် Freelancer အများစုက အလုပ်ပြီးမြောက်နှုန်း ပိုမြန်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Freelancer တွေဟာ ပုံမှန်ရုံးချိန်နဲ့ အလုပ်လုပ်တာမဟုတ်ဘဲ Project အလိုက် လုပ်ဆောင်ကြတာဖြစ်လို့ အလုပ်မြန်မြန်ပြီးလေ သူတို့အတွက် ဝင်ငွေပိုရလေ ဖြစ်လို့ပါပဲ။ ဒါကြောင့် လုပ်ငန်းစခါစမှာ အမြန်ဆုံး လည်ပတ်နိုင်ဖို့ Freelancer တွေရဲ့ အကူအညီ လိုအပ်ပါတယ်။
အနှစ်ချုပ်
Freelancer တွေကို ငှားရမ်းအသုံးပြုခြင်းအားဖြင့် သင့်အတွက် အချိန်ပိုတွေ ရရှိလာစေမယ့်အပြင်၊ ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ အတူတကွ လုပ်ဆောင်နိုင်ပြီး လုပ်ငန်းကိုလည်း အမြန်ဆုံး လည်ပတ်နိုင်စေမှာ ဖြစ်ပါတယ်။
Freelancer အများကြီးကို တစ်နေရာတည်းမှာ အလွယ်တကူ ရှာဖွေငှားရမ်းနိုင်ဖို့အတွက်ဆိုရင်တော့ Welldone ဆိုတဲ့ Platform လေး ရှိပါတယ်။ ဒီ Platform ကနေတစ်ဆင့် မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ Freelancer တွေကို အလွယ်တကူနဲ့ အမြန်ဆန်ဆုံး ငှားရမ်းနိုင်ပါတယ်။
Ready to act on these ideas?
Bring your next project to life with Welldone
Connect with trusted freelancers, compare services, and move from insight to execution with support from the Welldone marketplace.
Related articles